Brand:
For:
ရေမွှေးကိုလေ ကြည်တောက်ရှင်းအနံ့ပုံစံမျိုး ကြိုက်တတ်ရင် ဒါလေးသုံးကြည့်ပါ… အခုအရမ်းခေတ်စားနေတဲ့ brand လေး.. မိန်းကလေးရော ယောကျာ်းလေးပါ သုံးလို့ရတယ်…
လိမ္မော်သီး လတ်လတ်ဆတ်ဆတ်ကို အခွံခွါလိုက်တဲ့ချိန်ရတဲ့ အနံ့မျိုးကိုမှ လက်ဖက်စိမ်းအနံ့လေးပါ စွက်ထားတာ အရမ်းအရမ်းကို fresh ဖြစ်တယ်…
ဆွတ်လိုက်တာနဲ့ ခေါင်းကြည်ရှင်းစေတာမို့ stress တွေများတဲ့အချိန်၊ ရာသီဥတု ပူတဲ့အချိန်၊ အလုပ်တွေပိပြီး စိတ်ညစ်ညူးနေတဲ့ အချိန်တွေမှာ သုံးသင့်ပါတယ်…