Brand:
For:

Gucci Rush ကိုလေ တစ်ချို့က အနံ့ပြင်းလို့မခံနိုင်ပေမယ့် ကြိုက်တဲ့သူကျလည်း အသည်းစွဲနေအောင်ကိုကြိုက်တာမျိုး…..အနံ့က တစ်ခြားဘာနဲ့မှမတူအောင် ထူးခြားတယ်… ချိုလည်းချိုတယ်… ခါးလည်းခါးတယ်ဆိုတာမျိုး… ရီဝေဝေနဲ့ ညှို့အားပြင်းတဲ့ မိန်းကလေးတစ်ယောက်လိုမျိုး နားလည်ရခက်တယ်….Party တွေ Night Out တွေမှာ ကိုယ့်ဆီက ရေမွှေးနံ့ကြောင့် အာရုံစိုက်ခံရစေမယ့် အနံ့မျိုးပါ….