CSR

Blogger ဝင်းမင်းသန်း နှင့် Myst Perfume ၏ သင်္ကြန်စတုဒီသာ အလှူ (2024 April )

Blogger ဝင်းမင်းသန်း နှင့် Myst Perfume ၏ သင်္ကြန်စတုဒီသာ အလှူ (2024 April )

Blogger မဝင်းမင်းသန်းနှင့်အတူ
Myst Perfume မိသားစုက သင်္ကြန်စတုဒီသာအလှူလေးတစ်ခုလုပ်ဖြစ်ခဲ့ကြပါတယ်⭐️⭐️⭐️
စတုဒီသာအလှူလေးမှာတော့
နေ့လယ်စာ ထမင်းဖြူ၊ ငါးကြော်နှပ် နှင့် ဘူးသီးချဉ်ရည်ဟင်း လူအယောက် ၃၅၀ ကိုကျွေးမွေးလှူဒါန်းခဲ့ပြီး
ဆန် (၄) လုံးနှင့် ကြက်ဥ (၅)လုံးစီကို လူအယောက် (၁၅၀) စာ လှူခဲ့ပါတယ်ရှင့်….🥚🥚🍚🍚
အခုလိုမျိုး မင်မင်တို့ Myst Perfume အလှူအတန်းလုပ်နိုင်ခဲ့တာ Mysty လေးတွေအားလုံးရဲ့ Myst ရေမွှေးလေးတွေကို အားပေးချစ်ခင်မှုကြောင့်ပါ~~~🙆🏻‍♀️🙆🏻‍♀️
ဒါကြောင့် မင်မင်တို့အားလုံးရဲ့ အလှူဟာ Mysty တို့အားလုံးရဲ့ အလှူလေးဖြစ်တာမို့ သာဓုခေါ်နိုင်အောင်
ကြည်နူးပီတိဖြစ်စွာနဲ့ ပုံလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်…..💁🏻‍♀️💁🏻‍♀️
အားလုံးပဲ ကုသိုလ်ထပ်တူထပ်မျှရကြပါစေရှင့်🙏🏻🙏🏻
ရှေ့လျှောက်လဲ
Mysty တို့အားလုံးချစ်ခင်အားပေးမှုနဲ့အတူ မင်မင်တို့ Myst Perfume မိသားစု အလှူအတန်းတွေ လုပ်သွားပါ့မယ်ရှင့်✨✨✨✨
သာဓုခေါ်ဆိုရင်း Mysty တို့အားလုံး ကျန်းမာရွှင်လန်းပြီး လှပသောနေ့ရက်တွေကို ရရှိနိုင်ကြပါစေလို့🙏🏻

မေတ္တာဝါဒီ ဟင်္သာတပရဟိတကျောင်းတိုက်မှာ ဆရာတော်သံဃာတော်များအတွက် အာရုံဆွမ်း နေ့ဆွမ်း ဆပ်ကပ်လှူတန်းခြင်း (2024 May )

မေတ္တာဝါဒီ ဟင်္သာတပရဟိတကျောင်းတိုက်မှာ ဆရာတော်သံဃာတော်များအတွက် အာရုံဆွမ်း နေ့ဆွမ်း ဆပ်ကပ်လှူတန်းခြင်း (2024 May )

Myst Perfume နှင့်အတူ အားလုံးကချစ်ကြတဲ့ Rian နဲ့ Pyi Nyein လေးတို့ရဲ့အလှူအမှတ်တရ ပုံ‌ရိပ်လေးတွေပါ 🩵🩵
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊ မာလာမြိုင်(၁၀)လမ်းထိပ်တွင်တည်ရှိသော မေတ္တာဝါဒီ ဟင်္သာတပရဟိတကျောင်းတိုက်မှာ ဆရာတော်သံဃာတော်များအတွက် အာရုံဆွမ်း နေ့ဆွမ်း ဆပ်ကပ်လှူတန်းခဲ့ပြီ ပရဟိတကျောင်းသားလေးများအတွက် ညနေစာအလှူလေးပါ ပြုလုပ်ခဲ့ပါတယ်ရှင် 🙏🏽🙏🏽🙏🏽
အခုလိုအလှူလေးတွေပြုလုပ်နိုင်တာဟာ Mysty လေးတို့ရဲ့ Myst Perfume ကို အမြဲအားပေးချစ်ခင်မှုကြောင့်ပါ… 🙏🏽 ဒီအလှူလေးက Mysty တို့ရဲ့အလှူလေးလည်းဖြစ်တာဆိုတော့ ပီတီအပြုံးတွေနဲ့ သာဓုခေါ်နိုင်အောင် အလှူပုံရိပ်လေးတွေပြန်ပြီး မျှဝေပေးလိုက်ပါတယ်နော် 🙏🏽🙏🏽
Mysty လေးတို့အားလုံး ဒီအလှူလေးကို ထပ်တူထပ်မျှရရှိပြီး နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 🩵🩵

မေရီချက်(ပ်)မင်း နားမကြားကျောင်းတွင် လူအယောက်( ၃၀၀)စာ လှူတန်းခြင်း ( 2024 July )

မေရီချက်(ပ်)မင်း နားမကြားကျောင်းတွင် လူအယောက်( ၃၀၀)စာ လှူတန်းခြင်း ( 2024 July )

MYST Perfume နှင့်အတူ အဆိုတော်လိမ္မော်သီး၊ သရုပ်ဆောင်ဝေလာရီတို့မှ မေရီချက်(ပ်)မင်း (နားမကြားသောကလေးများကျောင်း) မှာ လူအယောက်( ၃၀၀)စာနေ့လည်စာထမင်း ဟင်း၊ စာအုပ်၊ ခဲတံနှင့်အစာပြေမုန့်များကို သွားရောက်လှူဒါန်းခဲ့ပါတယ်ရှင် 🩵🩵
ဒီလိုအလှူလေးတွေ ပုံမှန်ပြုလုပ်နိုင်တာဟာ ချစ်ရတဲ့ Mysty လေးတွေက Myst Perfume ကိုချစ်ခင်အားပေးမှုကြောင့်ဖြစ်လို့ Mysty တို့ရဲ့အလှူလေးဆိုလည်းမမှားပါဘူးရှင် 😘
Myst Perfume မိသားစုနဲ့အတူ Mysty တို့အားလုံး ဒီအလှူလေးကိုထပ်တူထပ်မျှရရှိကြပြီး နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 🙏🩵