Brand:
For:
ဒီအနံ့လေးကတော့ လူသိနည်းပေမယ့် အရမ်းကောင်းတဲ့ hidden gem လေးပါ…ချိုအီတဲ့ ရေမွှေးတွေ မကြိုက်ဘူးဆိုတဲ့ ချစ်တို့ လုံးဝစမ်းကြည့်သင့်တဲ့ထဲပါပါတယ်…လုပ်ငန်းခွင်ဝင်နေတဲ့ မိန်းကလေးတွေနဲ့ လိုက်ဖက်ပြီး smart ကျကျ သပ်ရပ်ကျော့ရှင်းနေစေမယ့် အနံ့မျိုးလေး..
Lavender ပန်း, သစ်ခွပန်းနဲ့ musk တို့ရဲ့ ထူးခြားတဲ့ ပေါင်းစပ်မှုက ကိုယ့်ရဲ့ကိုယ်ပိုင်ရနံ့လေးအဖြစ် လူတွေကို မှတ်မိသွားစေမှာပါ…. ဒီရေမွှေးကို Narciso ရဲ့ For her edp နဲ့ ဆင်တယ်ပြောကြပေမယ့် မင်မင့်အမြင်တော့ ဒါကအနံ့ပိုသင်းပြီး floral notes လေးတွေ ပိုထင်ရှားတယ်…Narciso ကတော့ musky ပိုဖြစ်ပြီး ပိုပြင်းသွားတယ်လို့ထင်ပါတယ်…