Brand:
For:

အနံ့စွဲလွန်းလို့ ဖြန်းရမှာတောင် လန့်မိတဲ့ ရေမွှေးတွေထဲမှာလေ Myst က Scandal အနံ့က ထိပ်ဆုံးကပဲ…တစ်ကယ်ကို ရည်းစား (၅) ယောက်ရမယ့် ရေမွှေးဆိုတာ သူမှ အစစ်…
စွဲချက်ကတော့ ရက်စက်တယ် (၂) ချက် (၃) ချက် လောက်နဲ့ကို တစ်ခန်းလုံးမွှေးနေပြီ. သူ့အနံ့ကိုလေ Lancome la vie est belle, YSL black opium လို sweet & attractive အနံ့မျိုး ကြိုက်တတ်ရင် အရမ်းအရမ်းကို ကြိုက်ကြပါလိမ့်မယ်နော်… ဆွတ်ထားလိုက်ရင် ဘေးက ဖြတ်သွားတဲ့ လူတိုင်းက ကိုယ့်ရေမွှေးနံ့ကိုရစေမယ့် type မျိုးပါ…
သူ့ထဲမှာ မက်မွန်သီးရယ် blood orange အနံ့ရယ်ကို Luxury ဆန်တဲ့ ဇီဇဝါပန်း၊ လိမ္မော်ပန်း၊ ချိုမြနေတဲ့ ပျားရည်စစ်စစ် အနံ့လေးတွေ ပေါင်းစပ်ထားလို့ အရမ်းကို ဆွဲဆောင်မှုရှိပြီး အနံ့ရတဲ့သူတိုင်းက ကြွေကျမြေခ သွားရမှာပါနော်