Brand:
For:

အက်စ်ကာဒါ series ရဲ့ post တိုင်းအောက်မှာ အမြဲလိုလို တွေ့ရတတ်တာက Cherry in the air အနံ့ရော မထုတ်ဘူးလားတဲ့… အခု ထုတ်ပေးလိုက်ပြီအားပေးကြပါနော်
“လေထဲမှာ ဝဲလွှင့်နေတဲ့ Cherry သီးလေးတွေ”တဲ့… အနံ့လေးက ဘယ်လိုတောင် ချစ်ဖို့ ကောင်းမလဲ တွေးကြည့်နော်…မင်မင်ကလေ ငယ်ငယ်ကတည်းက cherry သီးဆို သိပ်သဘောကျတယ်… သူ့ရဲ့ အသီးပုံစံလေးရော၊ အနီရောင်စိုစိုလေးကိုရော၊ nostalgic vibe လေးပေးတဲ့ Cherry သီးနံ့လေးကိုရော… မပြောတတ်ဘူး.. I have a thing for cherries (ငယ်ငယ်က cherry သီးနံ့ပါတဲ့ ပီကေအလုံးလေးတွေ ကျောင်းသွားရင် အမြဲ ဝယ်စားလို့ထင်တယ်..Cherry သီးနံ့ရရင် childhood memoriesလေးတွေ ပြန်သတိရတာ)
ဒီ ရေမွှေးလေးမှာက Cherry သီးရဲ့ ချိုမြ လတ်ဆတ် juicy ဖြစ်တာလေးကို Marshmallow, Vanilla အနံ့လေးတွေနဲ့ ပေါင်းထားတာ… အရမ်းကို နူးညံ့ချိုမြိန် ချစ်စရာကောင်းတဲ့ သူလေးတွေနဲ့ လိုက်ဖက်မယ်နော်…အက်စ်ကာဒါ ချစ်သူလေးတွေဆို Must try!!