Brand:
For:
ရေမွှေးလောကမှာလေ ဒီရေမွှေးဝယ်သုံးတဲ့သူကို အားကျမျက်လုံးနဲ့ ဝိုင်းကြည့်တတ်ကြတယ်..(ကိုယ်အပါအဝင်)…ဘာလို့ဆို အရမ်းနာမည်ကြီး၊ အနံ့အရမ်းကောင်းသလို၊ စျေးကလည်း မဟားတရားကြီးလို့ တစ်ပုလင်းကို မြန်မာငွေ (၇) သိန်းကျော်တဲ့ရှင်…အခု ဒေါ်လာစျေးတက်နေပုံနဲ့ ဆို မင်မင်တော့ အိမ်မက်တောင် မမက်ရဲပေါင်… သူများဆီကတော့ အနံ့လေးကပ်ရှူဖူးတယ်.. ခုထိကို မမေ့နိုင်တော့ဘူး၊ စပယ်ရှယ်ကောင်းတာပါ
ရေမွှေး group တစ်ခုထဲမှာဆို အစ်မတစ်ယောက် ဒီ အနံ့ကို review ပြောထားတာ “ဒါဆွတ်တဲ့ နေ့များဆို ယောကျာ်းက အနားကနေကို မခွါတော့ဘူး “ တဲ့
ကြည့်ရတာ ယောကျာ်းလေးတွေ သဘောကျတတ်တဲ့ အနံ့မျိုး ထင်ပါတယ်…အာ့ကြောင့် unisex အနေနဲ့လည်းသုံးကြတယ် … အနံ့ပုံစံက sweet & attractive ဖြစ်တာမို့ Good girl, Bombshell, black opium အနံ့မျိုး ကြိုက်တတ်သူလေးတွေ လုံးဝ လုံးဝ must try … တစ်ကယ် တစ်ခါရှူပြီး တစ်သက်မမေ့တော့ဘူးနော်